"ဒေါက် ဒေါက် ဒေါက်"
ကျနော့် အခန်းတံခါးကို တစ်စုံတစ်ယောက် ခေါက်သည့် အသံ......အချိန်ကြည့်လိုက်တော့ နံနက် ၇နာရီခွဲ......
"ဟုတ်.....လာပြီ"
ကျနော် ပြောပြောဆိုဆို နှင့်ကုတင်မှ လူးလဲထကာ အခန်းတံခါးဖွင့်အကြည့်.......
"သား...နိုးပြီလား"
ကျနော့် အမေ၏ ကြည်နူးဖွယ်ကောင်းသော အသံကိုကြားလိုက်ရသဖြင့် အိပ်ချင်သေးသော်လည်း......
"ဟုတ်....နိုးပြီ မေမေ..."
ကျနော် ပြန်ဖြေလိုက်သည် နှင့် အမေ့နောက်မှ ရပ်နေသော ကျနော့်၏အဖေက....
"အေး....သားနိုးရင် မျက်နှာသစ်.....ဖေဖေတို့ မိသားစု အပြင်မှာ Breakfast သွားစားရအောင်"
Breakfast ဟုဆိုသည့် အသံကြားသည်နှင့်ပင် ခုနကအိပ်ချင်သောစိတ်များ ဝုန်းကနည်း ပျောက်ကွယ်သွားသည်.......
"ဟုတ်...သားကိုငါးမိနစ်ပဲစောင့် ဖေဖေ...."
အပြင်သွားရန် လိုက်မည့်သူကို စောင့်ရန် စိတ်မရှည်နိုင်သည့် ကျနော့်အဖေ အကြောင်းကို သိ၍ကတစ်ကြောင်း......ကျနော်ကိုတိုင်ကလည်း Breakfast စားရန်မစောင့်နိုင်တော့သည်က တစ်ကြောင်း ဖြစ်၍ ငါးမိနစ်သာ စောင့်ခိုင်းခြင်းဖြစ်သည်.....
ထို့နောက် ငါးမိနစ်အကြာကျနော်ထွက်အလာ အိမ်ရှေ့ပေါ်တီကိုအောက်တွင် မြင်လိုက်ရသောမြင်ကွင်းမှာ ကြည်နူးစရာပင်.....
ကျနော်၏ ဖေဖေ နှင့် မေမေအပြင် ကျနော့်ညီမလေး...ညီလေး..အဖွား နှင့် ဦးလေး တို့ပါ သွားရန်အဆင်သင့် ဖြစ်နှင့်နေလေပြီ.....
"ကဲလာ....သွားမယ်"
ဖေဖေက သွားရန်ပြောလိုက်သည်နှင့် ကျနော်တို့ မောင်နှမသုံးယောက် ထုံးစံအတိုင်း ခုံနေရာ လုထိုင်ကြလေသည်......
ထိုအရာကိုမြင်သော ကျနော့် မေမေမှာ ကျနော်တို့အား ကြည့်ပြီး ရယ်ချင်တယောင်ယောင် ငိုချင်တယောင်ယောင် ဖြစ်နေသည်ကို ကျနော်ရိပ်မိခဲ့သည်......
ကားစထွက်သည်နှင့် ကားပေါ်က ရေဒီယိုမှ နံနက် ၈ နာရီတွင်လာနေကြဖြစ်သော ရှေးသီချင်းအစီအစဉ်မှ စိုးစန္ဒာထွန်း၏ "မလွမ်းဘယ်သူ နေပါ့မယ်" ဆိုသည့်သီချင်းဟာ ကျနော့်စိတ်ကို အလွန်ပင် ဆွေးမြေ့ဖွယ်ဖြစ်စေခဲ့ပါသည်.........
ထို့နောက် ကျနော်တို့ Breakfast စားပြီးသည့်နောက် ဖေဖေက
"ကဲ.လာ....ဖေဖေတို့ မိသားစု ဓာတ်ပုံသွားရိုက်ကြရအောင်" ဟုဆိုကာ ရန်ကင်းစင်တာ အနားရှိ ဓာတ်ပုံဆိုင်တစ်ဆိုင်တွင် မိသားစုဓာတ်ပုံရိုက်ကြပုံမှာ အလွန်ကြည်နူးဖွယ် ကောင်းလှပါသည်.......
ထွက်လာသောဓာတ်ပုံများကို အားပါးတရကြည့်လျက် အိမ်သို့ပြန်အလာ...အိမ်ရှိခြံတံခါးများ ထူးဆန်းစွာ ဖွင့်ထားသည်ကို တွေ့လိုက်ရသဖြင့် လှမ်းကြည့်လိုက်ရာ ကျနော်အိမ်တွင် ဆွေတော်မျိုးတော်အပေါင်း ရောက်နေကြောင်းသိလိုက်ရသည်.......
"ဟာ.....ချီးထုတ်တွေ ရောက်နေပြီဟေ့"
ကျနော့် ဦးလေး၏ နောက်ပြောင်စကားကြောင့် ကျနော်တို့အားလုံး ပက်ပက်ပက်ပက် ရယ်မောလိုက်သည်နှင့်........
"ဘာချီးထုတ်လဲ.......ကိုယ့်တူလေး သွားခါနီး မုန့်တွေလာပေးတယ့် ဟာကို....."
ကျနော်၏ ချစ်လှစွာသော အန်တီများမှ ကျနော့်အတွက် လက်ဆောင်များလာပေးသည်ကို သိလိုက်ရသဖြင့် လွန်စွာဝမ်းသာမိသွား၏.....
"သြော်.....ရပါတယ်...အန်တီကလည်း.....ဒုက္ခရှာလို့......"
လိုချင်သော်လည်း ဟန်ဆောင်ရသည်ဟု ဘယ်သူသင်ထားမှန်းမသိ တတ်နေသောကြောင့်သာ ကျနော် ပြောလိုက်ရ၏....
"အမယ်.....ယူပါ.....ဒါအန်တီတို့က ချစ်လို့ လက်ဆောင်ပေးတာ.......ဒါနဲ့ Flight ကဘယ်အချိန်လဲ"
အန်တီတစ်ယောက်က ထမေးရာ....
"အင်း....ညနေ ၈ နာရီမှပါ....ဒီကနေတော့ ၆ နာရီလောက် ထွက်မယ်...."
ကျနော်ပြန်ဖြေလိုက်၏....
ထို့နောက် ကျနော်နှင့် ကျနော့်မိသားစု...အမျိုးများနှင့် ခြံထဲမှာပင် ဓာတ်ပုံများရိုက်ခဲ့ကြသည်....
တဖြည်းဖြည်းနှင့် မြန်မာပြည်မှ ထွက်ခွာရတော့မည့် အချိန်နီးကပ် လာလေပြီ.....လေနီကြမ်း များ တိုက်ခတ်မှုကြောင့် မတည်ငြိမ်နိုင်သော အပင်ငယ်လေးသဖွယ်.....ကျနော့်၏စိတ်သည်လည်း မိသားစုနှင့် ခွဲခွာရတော့မည်ဆိုသော သမုဒယဒဏ်ကြောင့် မတည်ငြိမ် မပျော်ရွင်နိုင်ခဲ့ပါ.....
သည်လိုနှင့်.......ညနေ ၄ နာရီ......
"သား.....ခဏအိပ်ချင်အိပ်လေ......လေယာဉ်ပေါ်မှာဆို သက်တောင့် သက်သာ အိပ်ရမှာ မဟုတ်ဘူး..."
မေမေ၏ ဂရုဏာစကားကြောင့် ကျနော် ကြိုးစားအိပ်ခဲ့၏.....
အိပ်၍မပျော်သော်လည်း ကြိုးစားအိပ်လိုက်ရာ ညနေ ၅ နာရီခွဲလောက်တွင်....
"သား...ထတော့.....သွားရအောင်ပြင်ဆင်တော့....."
ကျနော်တရေးနိုးထကြည့်လိုက်၍လားမသိ ကျနော့်၏မေမေမျက်နှာမှာ မရွင်မလန်းဖြစ်နေသည်ကို ကျနော်ရိပ်မိလိုက်သည်......
"ဟုတ်ကဲ့....မေမေ အားလုံးအဆင်သင့်ဖြစ်ပြီလား။ "
ကျနော် သတိတရလှမ်းမေးလိုက်သည်နှင့်.....
"အေးအေး.....အကုန်အဆင်သင့်ပဲ.....သားပါသားပဲ Passport တို့ Ticket တို့ သေချာစစ်ပြီး မကျန်ခဲ့အောင်လုပ် ...ဟုတ်ပြီလား...."
အားလုံးအဆင်သင့်လုပ်ပေးထားသော ကျနော့်မေမေ့အား ကျနော်အလွန်လေးစားမိ၏။....
"သား ......ရေချိုးပြီး ထမင်းစားရအောင် ဒီမှာ အားလုံးသားနဲ့ အတူတူစားဖို့ စောင့်နေကြတယ်....."
ဖေဖေ့၏ ပြတ်သားလှသော အသံကြောင့် ကျနော်ထိုင်နေရာမှ ကောက်ထကာ စ၍ပြင်ဆင်လေတော့၏။
ခဏအကြာ ကျနော်ပြင်ဆင်ပြီး မိသားစု စုံစုံလင်လင် ပျော်ပျော်ပါးပါး ညစာစားခဲ့ကြသည်....
သို့သော် ဒီလိုမိသားစု စုံစုံလင်လင်ညစာ စားတာ နောက်ဆုံးဖြစ်မှန်းသိနေကြသော ကျနော်နှင့် ကျနော့် မေမေနှင့် ဖေဖေမှာ ထမင်းတစ်ပန်းကန်ကိုပင် မနည်းကုန်အောင်စားခဲ့ရသည်.....ကျနော့် ညီမလေးနှင့် ညီလေးကတော့ ကလေးပီပီ အသားကုန်စွဲနေကြသည်ကိုကြည့်ပြီး ကျနော်ပြုံးခဲ့မိ၏။....
ညနေ ၆ နာရီ ......
"သား...စားပြီးရင် အပေါ်မှာ ဘုရားသွားရှိခိုး...."
မေမေ့၏ သတိပေးမှုကြောင့် ကျနော်အိမ်ပေါ်ထက်သို့ပြေးတက်ကာ....ဘုရားသွားရှိခိုးပြီးနောက်
"လာ....ဖေဖေ နဲ့ မေမေ ကို သားကန်တော့မယ်......"
ကျနော်၏အလိုက်သိစွာ ပြောလိုက်မှုကြောင့် ကျနော့်မေမေနှင့် ဖေဖေ မှာဝမ်းနည်းနေသော်လည်း ပြုံးကာ ခုံတစ်ခုံမှာ ထိုင်လိုက်သည်နှင့်.......
"သား ဖေဖေ နှင့် မေမေ တို့အပေါ် ကံသုံးပါးနဲ့ ပြစ်မှားမိတာရှိလျှင် ခွင့်လွှတ်ပါ"
ဟုကျနော် ပါးစပ်မှပြောကာ....မိဘနှစ်ပါး၏ ခြေအစုံကို ဦးဖြင့်တိုက်၍ ရှိခိုးကန်တော့နေစဉ်....
ယခင်က ကျနော်ညစဉ်ကန်တော့လျှင် ဆုများပေးတတ်သော ကျနော့် ဖေဖေနှင့် မေမေ မှာ ယခုမည့်သည့် သြဝါဒမျှမပေးပဲ ရပ်နေသဖြင့် ကျနော်မော့ကြည့်လိုက်ရာ ကျနော့်မိဘမျက်ဝန်းအစုံမှာ ဝမ်းနည်းကြေကွဲမှုဒဏ်ကြောင့် လျှံထွက်လာသော မျက်ရည်များနှင့် ပြည့်နှံ့နေသည်ကိုတွေ့လိုက်ရသည်...
ထိုအရာကိုမြင်သော ကျနော်မှာ မိဘများနှင့်ထပ်တူ ဝမ်းနည်းနေသော်လည်း ကျနော်ပါ ငိုနေမည်ဆိုလျှင် မိဘများပို ဝမ်းနည်းသွားမည်ကိုသိ၍ မျက်ရည်မကျအောင်ထိန်းထားရာမှ
"မေမေတို့ ...အဲလောက်ဝမ်းမနည်းကြပါနဲ့ ...သားတစ်နှစ်တစ်ခေါက်မှန်မှန် ပြန်လာလည်မယ်နော် "
ဟုပြောလိုက်သောစကားကြောင့် ကျနော့်မိဘနှစ်ပါးမှာ ဝမ်းနည်းနေရာမှ ပြုံးလာကာ....
"အေးပါသားရယ်....ပြန်လာလည်နော်....မေမေတို့မျှော်နေမယ်....သားဟိုရောက်ရင် ကျန်းမာရေးကို ဂရုစိုက်နော်....."
မေမေ၏ တုန်ရင်နေသော ဂရုဏာအမှာစကားကို ကျနော်နားထဲမှာ ပဲ့တင်ရိုက်သွား၏....
ထို့နောက် ကျနော့် အဖွား ဘက်အားလှည့်၍
"အဖွား...ကျန်းမာရေး ဂရုစိုက်နော်....သားဘွဲ့ယူတဲ့အခါကြရင် အဖွားကိုပါ ခေါ်လိုက်မယ်နော်....."
ဟုကြင်ကြင်နာနာပြောကာ ကန်တော့အခိုက်.....
အဖွား မျက်ဝန်းမှလည်း မျက်ရည်များ စို့လျှက်.....
ထိုအချိန်တွင် ကြားလိုက်ရသော စကားသံ.....
"ကဲကဲ...လေယာဉ်ချိန်နီးပြီ.....သွားရအောင်...."
ကျနော့် ဦးလေး၏ သွားရန် လှုံဆော်အသံ.....
အားလုံး ထိုင်နေရာမှ ထကြကာ ကားပေါ်သို့ထိုင်လိုက်သည်နှင့်.....ကားသည် လေယာဉ်ကွင်းသို့
ဦးတည်လျှက်.....
လေယာဉ်ကွင်းရှိ Check in အတွင်းတန်းစီနေသော ကျနော်နှင့် ကျနော့်ဖေဖေ နှင့် မေမေ ........တခြားလူများမှာ အထဲသို့ ဝင်ခွင့်မရှိသဖြင့်ကျန်နေခဲ့၏.....
Check in ကိစ္စပြီးသွားသည်နှင့် ဖေဖေ သည်ကျနော့်အား ဆုံမစကားများ မှာကြားနေလေပြီ.....
ဆုံးမစကားများမှာကြားပြီးသည့်နော် ဖေဖေသည် ကျနော့်အား သူ့အိပ်ထဲမှ စာလေးတစ်စောင် ကိုကျနော့်အားလှမ်းပေးလိုက်ရာ.....စာအိပ်ပေါ်တွင်ရေးထားသော စာလေးတစ်ကြောင်း.........
"ချစ်သားကြီး လေယာဉ်ပေါ်မှာ ဖတ်ဖို့"
ခဏအကြာတွင် .... လေယာဉ်ကွင်းမှ Announcement အသံကြောင့် ကျနော် ဖေဖေ့နှင့်မေမေ အားဖက်၍ ပါးနှစ်ဖက်အား နမ်းလျှက် .....
"သား သွားတော့မယ်နော် ဖေဖေ နဲ့ မေမေ....ဟိုရောက်ရင်ဖုန်းဆက်လိုက်မယ်နော်"
ကျနော်ထိုသို့ပြောဆိုပြီး လေယာဉ်ထံသွားရန် တန်းစီနေသော လူကြားထဲမှ အတော်လှမ်းလှမ်း တွင် ကျန်နေခဲ့သော မိဘနှစ်ပါးအား သမင်လည်ပြန် ကြည့်ကာ တာ့တာ့လုပ်လျှက်.....
ဖေဖေ နှင့် မေမေ မျက်ဝန်းထဲမှာလည်း မျက်ရည်စက်များ.....ကျနော့် မျက်ဝန်းမှာလည်း မျက်ရည်စက်များ.......
လေယာဉ်ထိုင်ခုံတွင် ထိုင်ပြီးခဏအကြာ ....လေယာဉ်ကြီးစ ထွက်ပြီ.....
လက်ပတ်နာရီမှ နာရီကို ကြည့်လိုက်တော့........
20:00, 07 October 2006
ဆက်ရန်...........
Wednesday, 29 December 2010
Friday, 24 December 2010
အထီးကျန် ဌက်ငယ်
မိုးတွေပာာ သည်းကြီးမည်းကြီး ရွာနေတဲ့ ညတစ်ည...အပြင် ထွက်ရမှာကိုပင် ကြောက်စရာကောင်းလှတဲ့ ဆူညံလွန်းတဲ့ မိုးရေကျသံများ....သို့သော်ငြားလည်း အပြင်မှာ မိုးရေကျသံတွေ ဆူညံနေ သလောက် အိမ်ကြီးတစ်အိမ်ရဲ့ ဧည့်ခန်းထဲမှာ ထိုင်နေကြတဲ့ လူတွေဟာ အတွေးကိုယ်ဆီနှင့် ထူးဆန်းစွာ ငြိမ်သက်နေကြလေ၏...သူတို့ရဲ့မျက်နှာများမှာ စိုးရိမ်စိတ်များ ဝမ်းနည်းလွမ်းဆွတ်ခြင်းများ စိတ်ပူလွန်ဒေါသများ နှင့်လူတစ်ယောက်ယောက်အား မျှော်နေသည်ထင့်....နီးရာ ပြတင်းပေါက်များမှ ခြံတံခါးနှစ်ပေါက်ဆီသို့ ငေးလျက်.......
မိနစ်အနည်းငယ် ကြာသောအခါ.........
"တီ တီ"
ထိုသူတို့ ထိုင်နေသော ဧည့်ခန်းနှင့် မတော်လှမ်းသည့် ခြံပေါက်ဝမှ မီးကြီးထွန်းထားလျက် ရှိသော ကျနော့်၏ကားမှ ကားဟွန်းသံ.........
လူတစ်ယောက်ခြံတံခါးဖွင့်ပေးသောကြောင့် ကျနော့်၏ကားအား အိမ်ရှေ့ရှိ ပေါ်တီကိုအောက်တွင် ထိုးရပ်လိုက်သည်.......
ကားတံခါးဖွင့်လိုက်သည်နှင့် ကြားလိုက်ရတဲ့ စကားသံ.....
"လာစမ်းပါအုံး ဒီကို"
ကျနော်အဖေ၏ ဒေါသထွက်နေသည့် လေသံ.......
"ဘယ်အချိန်ရှိ ပြီလဲ"
သိရက်သားနှင့် မေးသည့်အသံ.......
သိရက်သားနှင့် မေးသည်ကို သိသော်လည်း အမေးရှိက အဖြေရှိရသည်ကို သိသဖြင့်
"၁၁ နာရီပါ ဖေဖေ"
အဖေ့မျက်နှာပို၍ တင်းသွားပုံထောက်၏....
"ဟိတ်ကောင်...ငါသိတယ်ကွ....ဒါဘယ်လိုဖြစ်တာလဲ......ဘယ်တွေလျှောက်ဒိုး နေတာလဲ....အိမ်ကလူတွေ စိတ်ပူနေမှာ မသိဘူးလား....မနက်ဖြန်သွားဖို့ ဘာတွေပြင်ပြီးပြီလဲ"
ကျနော် အတော်အဖြေရ ကြပ်သွား၏.....
"အမ်းး.....မေမေအားလုံးပြင်ဆင်ထားပြီးပြီ လေ....ဟုတ်တယ်မလား မေမေ"
mother ကြီးဘက် လှည့်၍ စပ်ဖြီးဖြီး နှင့်မေးလိုက်၏....
"အေး....မင်းသွားမှာလား...မင်းအမေ သွားမှာလား......"
အဖေ၏ ဒီမေးခွန်းကို ကျနော် ပြန်မဖြေတော့ပါ....အဘယ်ကြောင့်ဆိုသော်....အဖြေမှာ လူတိုင်းသိပြီး ဖြစ်သဖြင့် သွားဖြေပါက အဝေးကပင်ဖြစ်သော်လည်း အဖေ့ထံမှ ဖိနပ်ပျံလာ မည်ကို သိသဖြင့် ခေါင်းငုံ့သာနေနေ ခဲ့သည်.......
"မင်းဒီလိုပဲ ဘဝကြီးမှာ ပေါ့ပေါ့နေ ပေါ့ပေါ့စား ပဲနေသွားမှာလား...ဘာမှအလေးအနက် မထားတော့ဘူးလား...မင်းအတွက်တော့ ရင်လေးပါတယ်...ဟိုရောက်ရင် ဘာတွေဘယ်လိုဖြစ်မယ် ဆိုတာ ကြည့်ချင်သေးတယ်....အဲအခါကြမှ မင်းဘဝကြောင်းနားလည်မယ်....အခုတော့ အေးဆေး နေနေ အုံးပေါ့ကွာ"
"ဒါနဲ့နေပါအုံး.....ဘယ်တွေသွားနေတာလဲ"
အမေက လှမ်းမေး၏...
"ဟို...သွားတုန်းကတော့ တရုတ်ကျောင်းက သူငယ်ချင်းတွေနဲ့တွေ့ မလို့ပါ....နောက်လမ်းသွားရင်း လမ်းမှာ ငယ်သူသယ်ချင်းနဲ့တွေ့လို့ သူနဲ့ပဲတွေ့ဖြစ်တယ်"
ကျနော့်၏ အဖြေကိုကြားလိုက်သည်နှင့်.......
"မင်းကြီးတော်ကြီး ငယ်သူငယ်ချင်းနဲ့လမ်းမှာတွေ့ရမှာလား.....မင်းကားမောင်းရင် ဘေးကလက်ပြတာတောင် တွေ့တာမဟုဟ်ဘူး....လမ်းမှာတွေ့တယ် ဆိုတာ မဖြစ်နိင်ဘူး...."
ကျနော် တော်တော်လန့်သွားသည်....ကျနော်ကားမောင်းလျှင် ဘေးကလူတွေကို သတိမထားသည်ကို အဖေဘယ်လိုလို့ သိသွားပါလိမ့် ဟု ကိုယ့်ကိုယ်ကို မေးနေမိ၏....
ထိုအချိန်တွင် ကျနော်အားကူညီပြောပေးမည့်သူကို တမ်းတမိ၏.....
ကျနော်ဆုတောင်းပြေ့ပြီ.....ကျနော့် မွေးသမိခင် ကျေးဇူးရှင်ထံမှ စကားကူရသွား ၏.......
"ကဲပါ....သူငယ်ချင်းနဲ့တွေ့ခဲ့တယ် ဆိုရင်လဲပြီးတာပဲ....မေမေတို့က သားကိုစိတ်ပူလို့ မေးကြည့်တာ ....ကဲ..လာလာ....အိမ်ထဲဝင်....ထမင်းစား...."
ကျနော်မျက်နှာအောက်ငုံ့၍ အိမ်ထဲအဝင်.....စ ရန်စောင့်နေသည့် ကျနော်ညီမက.....
"ကောင်းတယ်....ဆူတာတောင် နည်းသေးတယ်......ဒုတ်နဲ့ပါ ရိုက်ရမှာ...."
ကျနော်သူ့အား တစ်ချက်စောင်းကြည့်၍.....
"ကောင်မ....ပါးရိုက်မယ်..." ဟု ပြန်နောက်လိုက်၏.....
ကျနော့် အခန်းထဲ ဝင်လိုက်သည်ဆိုလျှင်ပင် အခန်းထောင့်တွင် ထောင်ထားသော luggage အကြီးကြီး တစ်လုံးကိုတွေ့ လိုက်သည်ဆိုလျှင်ပင် ကျနော်အမေ အားလုံးကိုစီစဉ်ပြီးသားဖြစ်ကြောင်း သိလိုက်မိ၏......ထို့နောက် စိတ်ထဲတွင် နောက်နေ့ ဒီအခန်းတွင် ကျနော်မရှိတော့မည်ကတစ်ကြောင်း...အဖေ အမေ နှင့် ခွဲရတော့မည်ကို သိ၍က တစ်ကြောင်း...တွေးမိပြီး ဝမ်းနည်းနေမိ၏....သို့သော် ကျနော်မျက်ရည် မကျပါ....အဘယ်ကြောင့်ဆိုသော်...ကျနော် သည် မိသားစုမပါပဲ သူငယ်ချင်းများနှင့် ခရီးခဏခဏ သွားဖူးသောကြောင့် ဤအရာကို ကျနော်အကျင့်ရနေ သလိုခံစားမိ၏.....
သို့သော်.....ကျနော် နှင့် အကြာကြီးခွဲနေရမည်ကို သိနေသော ကျနော်၏ မေမေမှာ ရဒတ်မအေးနိုင်ပါ....မေမေ၏မျက်လုံးမှ ဝမ်းနည်း၍ကျလာသော မျက်ရည်များ ကျနော်ကိုယ်တိုင် သုတ်ပေးကာ..
"မေမေရယ်....မငိုပါနဲ့....သားကမဟုတ်တဲ့နေရာ သွားမှာမှ မဟုတ်ပဲ.....ပညာသွားသင်တာပဲဥစ္စာ....မေမေ အဲလိုငိုနေရင် သားသွားရမှာ ဘယ်နောက်ဆံတင်းပါအုံးမလဲ"
လို့ပြောလိုက်သည်နှင့် မေမေ၏မျက်နှာမှာ ငွေလမင်းကြီးကဲ့သို့ ပြုံး၍ဝင်းပလာသည်.....ထို့နောက်...
"အေးပါသားရယ်....အမေ မငိုတော့ဘူးနော်....သားဟိုရောက်ရင် လိမ်လိမ်မာမာ နေနော်"
ဟုပြောလိုက်သော အမေ့၏ မှာစကားကို ကျနော် ယနေ့အထိ မမေ့ပါ.....
နောက်နေ့ ဒီအချိန်ဆိုလျှင် ကျနော် မရှိတော့မည်ကို သိသော ကျနော့် မေမေသည် ဝမ်းနည်းနေသော်လည်း ကျနော်ရှေ့တွင် ကျနော်ပြောထားသောစကားကြောင့် မငိုတော့သော်လည်း...နောက်တွင် အလွန်ဝမ်းနည်းနေမည်ကို ကျနော်သိနေသဖြင့် ကျနော်ကိုယ်တိုင်ပါ တိတ်တစိတ် ငိုကြွေးမိခဲ့၏။.....
ကျနော့်အသက်သည် ထိုအချိန်တုန်းက ၁၇ သာရှိပါသေး၏.......
ဆက်ရန်.......

Thursday, 23 December 2010
2010 မှတ်တမ်း
ဒီနေ့ အလုပ်ကပိုက်ဆံရတဲ့နေ့ ဖြစ်သလို အလုပ်အားရက်လဲ ဖြစ်တာမို့ Shopping ထွက်ဖြစ်တယ်။ (လက်ထဲပိုက်ဆံရှိလို့ လက်ယားကျိယားကျိ ဖြစ်တာလည်းပါမှာပေါ့)။ ဒါနဲ့ပဲ Town Center ကိုတစ်ယောက်တည်း ထွက်ခဲ့တယ်။ အင်္ဂလန်ရာတီဥတုက တော့ဒီနေ့ မဆိုးဘူးပဲ ပြောရမလား...တိမ်ထူထပ်ကာ နေရာကွက်ကြား ဆူနာမီတိုက်မဲ့ ပုံကြီးး( ဒါလည်းမရပါဘူး.... ထွက်တာပါပဲ...
ဒါနဲ့ မြို့ထဲက West Quay ထဲဝင်ပြီး တစ်ဆိုင်ပြီး တစ်ဆိုင် ဝင်မွှေလိုက်တာ Hollister ကအကျီင်္တစ်ထည် (အဟမ်း အဟမ်း ) :P
Republic က hoddies နှစ်ထည်
H&M က Sport Shirt နဲ့ Cardican
River Island က ဖိနပ်တရံ
ဝယ်ခဲ့ပါတယ်။ ပစ္စည်းတွေများလို့ ပိုက်ဆံတွေအများကြီးကုန်တယ်မထင်ပါနဲ့။ အဲဒါတွေ အားလုံးက Reduced ဒါမှမဟုတ် Clearance အတန်းက ရတာတွေကြီးပါပဲ..ဟီးဟီး..ဘာပဲဖြစ်ဖြစ် တန်တာတွေရလာလို့ အရမ်းကျေနပ်တယ်။ (အရှက်ပြေ အရှက်ပြေ)း) လူကတော့ အထုပ်တွေ အများကြီးနဲ့ လူတော့ အရှိန်သား...း) အထုပ်တွေနဲ့ လေးနေလို့ New Look နဲ့ Zara တောင်မရောက်ခဲ့ဘူး.
နောက်နေ့ပေါ့..ဟိဟိ...း)
ဒါနဲ့ ပြီးတော့ West Quay ထဲကထွက်လာပြီး Asda ထဲဝင်တယ်...Christmas နီးပြီဆိုတော့ ဘိလပ်သူတွေလို Christmas Mince Pie စားချင်တာနဲ့
ဝယ်ခဲ့တယ်။ ပြီးတော့ Asda ထုတ် 10p တန် ခေါက်ဆွဲ အထုပ် ၃၀ (ကျနော်နဲ့ ကိုကြီး မင်းသက်ဇင် အတွက်ပါ) ထည့်လိုက်တာ ခြင်းတောင်းတောင် ပြည့်သွားတယ်... ပြီးတော့ အပေါ်က တခြားမုန့်လေးတွေနဲ့ ဖုံးလိုက်တော့ ခြင်းတောင်းကြီးက အပြည့်ကြီးနဲ့ လူရှိန်ပြန်ရော...ဟဲဟဲ...ဒါပေမယ့် Cashier ရောက်တော့ လူကြီးက ခေါင်းမော့ကြည့်ပြီး "Big save, innt" လို့ပြောလိုက်တာ ကျနော်မျက်နှာပူလိုက်တာ ဇီးရွက် လောက်ပဲ ရှိပါတော့တယ်...း(
ပြန်လဲပြန်ရော အထုပ်တွေအများကြီးနဲ့ ဘစ်ကားပေါ်မှာ ရှပ်နေတာပါပဲ....အိမ်ရောက်တော့မှ ဝယ်လာတဲ့ ပစ္စည်းလေးတွေ ကိုသတိတရနဲ့ ဓာတ်ပုံရိုက်ပြီး အခုလို Blog မှာရေးဖြစ်သွားတာပါ...း) ဒါကတော့ ကျနော့်ရဲ့ တစ်နှစ်တာ Shopping ထွက်ခြင်းပါပဲ...း)
Friday, 17 December 2010
ယူနီ နဲ့ အလုပ်.....
အခုချိန်က ဘိလပ် နိုင်ငံမှာ Christmas ကျောင်းပိတ်ရက်လေ.....ကျနော် ယူနီက ဒီဇင်ဘာ ၁၃ ကနေ ၄ ရက် ဇန်နဝါရီလ အထိ ပိတ်ပါတယ်.....သြော်...ကျနော် ယူနီကတော့ Southampton Solent University ပါ....ဒီ ယူနီကို ၂၀၀၉ ခုနှစ်က စတက်တာပါ.....အခုဆို ဒုတိယနှစ်ရောက်နေပါပြီ.....ဘာသာရပ် ကတော့ Maritime Business ပါ...သဘောင်္တွေနဲ့ ကုန်တင် ကုန်ကူး လုပ်တဲ့ ဘာသာရပ်ပါ.....(ဒါပေမယ့် လူကုန်တော့ မကူးပါဘူး )း) ဒါကို ဘာ ဘာသာရပ်လဲ လို့ အင်္ဂလိပ် လိုမတတ်တဲ့ ကျနော့် သူငယ်ချင်း အင်္ဂလိပ်ကောင် တစ်ကောင်က မေးဘူးလို့ ရှင်း ပြရ တာ ပါ..ဒီဘာသာရပ်က အသစ်ပါ....ဘိလပ်နိုင်ငံမှာ ဒီဘာသာသင်တဲ့ ယူနီ ၅ ခု လောက်ပဲ ရှိပါတယ်.....ကျနော်တက်တဲ့ ယူနီကတော့သိပ်အကောင်းကြီး မဟုတ်ပေမဲ့ နာမည်ရှိပါတယ်....ကမ္ဘာ အနှံ့အပြား က လူမျိုးပေါင်းဆုံ ရှိပါတယ်....အဲထဲမှာ အရယ်ရ ဆုံးလူမျိုး တစ်ယောက် ရှိပါတယ်...သူကတော့ ကျနော် တို့ Shipping လောကမှာ အင်မတန်ကြောက်စရာ ကောင်းလှတဲ့ Somali လူမျိုးတွေ ဖြစ်ပါတယ်....ဘာလို့လဲဆိုတော့ သူတို့ နိုင်ငံ က သူတို့နားရောက်လာတဲ့ သေဘာၤေတြကုိ (သေဘာၤ အကုန္ မဟုတ္ပါဘူး....ရတဲ့သေဘာၤ အကုန္ပါ) ဓားပြတိုက်တဲ့ အလုပ်နဲ့ အသက်မွေးဝမ်းကြောင်း ပြု ကြတဲ့ နိုင်ငံ ဖြစ်ပါတယ်....ကျနော်တို့ Shipping term အရ ဒါကို Hijack လုပ်တယ်လို့ ခေါ်ပါတယ်....ဒါ့ကြောင့်သဘောင်္အများစုက ထိုနေရာမှ ဝေးနိုင်သမျဝေးအောင် သွားကြပါတယ်.....ဒါပေမယ့် ကျနော့် ကျောင်းက Somali လူမျိုး တွေကတော့ အရမ်း ခင်ဖို့် ကောင်းပါတယ်....သူတို့ကို အတန်းထဲက လူတိုင်းက နောက်ကျပါတယ်...သူတို့ ကလည်း စိတ်မဆိုး ဘဲ သည်းခံရှာတယ်....ကျနော် ကိုဆို အတန်းထဲက လူတွေက Chinese!! Chinese!! ဆိုပြီ စကြပါတယ်....ကျနော်ကတော့ သည်းမခံ နိုင်ဘူး...ပြန်ပြောလွန်ပြီး အီတလီ က အောက်တန်းစား တစ်ယောက်နဲ့ ရန်တောင် ဖြစ်လိုက်ပါသေးတယ်....ကျနော်ကို Chinese လို့ ပြောရင် ကျနော် အလွန်မုန်းပါတယ်....ဘာလို့မုန်းတာလဲ ဆိုတာကို အချိန်ရရင် ခေါင်းစဉ်တစ်ခုနဲ့ ရေးပါအုံးမယ်..
ကျနော်ကို ဆရာတိုင်းက သတိတရနဲ့ အမှတ်ထားကြပါတယ်....ကျောင်းမှာ ကျနော်နာမည်က George ပါ.သူတို့ အင်္ဂလိပ်နာမည်ဆိုတော့ အမှတ်ရလွယ်လို့ ခဏ ခဏ ခေါ်ပြီး စာမေးခံရပါတယ်....
ကျနော် အလုပ်လဲ Part time လုပ်ပါတယ်...ဘာအလုပ်လဲဆိုတော့ အကျီ င်္ ခေါက်တဲ့ အလုပ်ပါ....ဆိုင်နာမည်က H&M လို့ ခေါ်ပါတယ်.....ဒီဆိုင်နာမည်ကို မိန်းခလေးတိုင်း ကြားလိုက်ရင် Ohhhhhhh!!! Woooowwww!!!! Reallyyyy!! နဲ့ ဘာတွေဖြစ်နေမှန်း မသိပါဘူး...သူတို့က ဘာကိုတွေးပြီး အထင်ကြီးနေ လဲ မသိဘူး ဒီကလူက ထွက်မယ် တကဲကဲ လုပ်နေတာ...း( အဲဒီဆိုင်မှာ ကျနော်ကို အလုပ်မထွက်ဖြစ်အောင် စွဲထားနိုင်တာ ၁ခုရှိပါတယ်...အဲဒါကတော့ ဆိုင်တစ်ဆိုင်လုံးမှာ ယောကျာင်္းလေး ရေတွက်လိုက်ရင် ကျနော်အပါအဝင် ၃ ယောက်ပဲရှိပါတယ်...ဟဲဟဲ....ကျန်တာတွေက မိန်းခလေးတွေ ကြီးပါပဲ.....အဲ...မေ့နေလို့....အဲ့ထဲမှာ ဂျော်လဂီ တွေ လည်းပါသေးတယ်...သူတို့က သူတို့ပါသူတို့ မိန်းမလျာ အပေါင်း သူတော်ကောင်းတွေ အချင်းချင်း ပေါင်းကြတာဆိုတော့ ခေါက်ထားလိုက်..အရေးမပါဘူး...သြော်...သူတို့အကြောင်းပြောနေတာ ကျနော် ပြောချင်တာတောင် မေ့တော့ မလို့...နောက်တစ်ချက် ကျနော်ကို စွဲထားစေတဲ့အကြောင်းက အဲဒီကလူတွေ အကုန်လုံးက ကျနော်ကို (မောင်. မောင်) နဲ့ခေါ်ကြလို့ပါ..ဟိဟိ...ဒါကျနော်ခေါ်ခိုင်းတာ မဟုတ်ပါဘူး...ကျနော့် Passport ကနာမည်မှာ မောင်ပါလို့ အရှေ့နာမည်ကို အဖျားစွတ် ခေါ်တာနဲ့တူပါရဲ့..ခေါ်ပါစေ..သူတို့ခေါ်တတ်သလိုခေါ်တာ...း)
ဒါနဲ့ပဲ အဲဒီအလုပ်က မထွက်ဖြစ်တော့တာ ပါပဲ...း)
ဒါကျနော် ယူနီနဲ့အလုပ် အကြောင်းလေးပါ.....

Thursday, 16 December 2010
လူတွေထဲကလူတစ်ယောက်: စတင်ခြင်း.......
လူတွေထဲကလူတစ်ယောက်: စတင်ခြင်း.......: "ဒီBlogg လေးကို စရေးဖြစ်တဲ့အကြောင်းလေးက ဒီလိုပါ... အရင်တုန်းက ဒါမျိုးရေးချင်စိတ်လည်း မရှိပါဘူး...မြန်မာလို မရိုက်တတ်တာလဲပါမှာပေါ့.... ကျနော်န..."
Subscribe to:
Posts (Atom)