အခုချိန်က ဘိလပ် နိုင်ငံမှာ Christmas ကျောင်းပိတ်ရက်လေ.....ကျနော် ယူနီက ဒီဇင်ဘာ ၁၃ ကနေ ၄ ရက် ဇန်နဝါရီလ အထိ ပိတ်ပါတယ်.....သြော်...ကျနော် ယူနီကတော့ Southampton Solent University ပါ....ဒီ ယူနီကို ၂၀၀၉ ခုနှစ်က စတက်တာပါ.....အခုဆို ဒုတိယနှစ်ရောက်နေပါပြီ.....ဘာသာရပ် ကတော့ Maritime Business ပါ...သဘောင်္တွေနဲ့ ကုန်တင် ကုန်ကူး လုပ်တဲ့ ဘာသာရပ်ပါ.....(ဒါပေမယ့် လူကုန်တော့ မကူးပါဘူး )း) ဒါကို ဘာ ဘာသာရပ်လဲ လို့ အင်္ဂလိပ် လိုမတတ်တဲ့ ကျနော့် သူငယ်ချင်း အင်္ဂလိပ်ကောင် တစ်ကောင်က မေးဘူးလို့ ရှင်း ပြရ တာ ပါ..ဒီဘာသာရပ်က အသစ်ပါ....ဘိလပ်နိုင်ငံမှာ ဒီဘာသာသင်တဲ့ ယူနီ ၅ ခု လောက်ပဲ ရှိပါတယ်.....ကျနော်တက်တဲ့ ယူနီကတော့သိပ်အကောင်းကြီး မဟုတ်ပေမဲ့ နာမည်ရှိပါတယ်....ကမ္ဘာ အနှံ့အပြား က လူမျိုးပေါင်းဆုံ ရှိပါတယ်....အဲထဲမှာ အရယ်ရ ဆုံးလူမျိုး တစ်ယောက် ရှိပါတယ်...သူကတော့ ကျနော် တို့ Shipping လောကမှာ အင်မတန်ကြောက်စရာ ကောင်းလှတဲ့ Somali လူမျိုးတွေ ဖြစ်ပါတယ်....ဘာလို့လဲဆိုတော့ သူတို့ နိုင်ငံ က သူတို့နားရောက်လာတဲ့ သေဘာၤေတြကုိ (သေဘာၤ အကုန္ မဟုတ္ပါဘူး....ရတဲ့သေဘာၤ အကုန္ပါ) ဓားပြတိုက်တဲ့ အလုပ်နဲ့ အသက်မွေးဝမ်းကြောင်း ပြု ကြတဲ့ နိုင်ငံ ဖြစ်ပါတယ်....ကျနော်တို့ Shipping term အရ ဒါကို Hijack လုပ်တယ်လို့ ခေါ်ပါတယ်....ဒါ့ကြောင့်သဘောင်္အများစုက ထိုနေရာမှ ဝေးနိုင်သမျဝေးအောင် သွားကြပါတယ်.....ဒါပေမယ့် ကျနော့် ကျောင်းက Somali လူမျိုး တွေကတော့ အရမ်း ခင်ဖို့် ကောင်းပါတယ်....သူတို့ကို အတန်းထဲက လူတိုင်းက နောက်ကျပါတယ်...သူတို့ ကလည်း စိတ်မဆိုး ဘဲ သည်းခံရှာတယ်....ကျနော် ကိုဆို အတန်းထဲက လူတွေက Chinese!! Chinese!! ဆိုပြီ စကြပါတယ်....ကျနော်ကတော့ သည်းမခံ နိုင်ဘူး...ပြန်ပြောလွန်ပြီး အီတလီ က အောက်တန်းစား တစ်ယောက်နဲ့ ရန်တောင် ဖြစ်လိုက်ပါသေးတယ်....ကျနော်ကို Chinese လို့ ပြောရင် ကျနော် အလွန်မုန်းပါတယ်....ဘာလို့မုန်းတာလဲ ဆိုတာကို အချိန်ရရင် ခေါင်းစဉ်တစ်ခုနဲ့ ရေးပါအုံးမယ်..
ကျနော်ကို ဆရာတိုင်းက သတိတရနဲ့ အမှတ်ထားကြပါတယ်....ကျောင်းမှာ ကျနော်နာမည်က George ပါ.သူတို့ အင်္ဂလိပ်နာမည်ဆိုတော့ အမှတ်ရလွယ်လို့ ခဏ ခဏ ခေါ်ပြီး စာမေးခံရပါတယ်....
ကျနော် အလုပ်လဲ Part time လုပ်ပါတယ်...ဘာအလုပ်လဲဆိုတော့ အကျီ င်္ ခေါက်တဲ့ အလုပ်ပါ....ဆိုင်နာမည်က H&M လို့ ခေါ်ပါတယ်.....ဒီဆိုင်နာမည်ကို မိန်းခလေးတိုင်း ကြားလိုက်ရင် Ohhhhhhh!!! Woooowwww!!!! Reallyyyy!! နဲ့ ဘာတွေဖြစ်နေမှန်း မသိပါဘူး...သူတို့က ဘာကိုတွေးပြီး အထင်ကြီးနေ လဲ မသိဘူး ဒီကလူက ထွက်မယ် တကဲကဲ လုပ်နေတာ...း( အဲဒီဆိုင်မှာ ကျနော်ကို အလုပ်မထွက်ဖြစ်အောင် စွဲထားနိုင်တာ ၁ခုရှိပါတယ်...အဲဒါကတော့ ဆိုင်တစ်ဆိုင်လုံးမှာ ယောကျာင်္းလေး ရေတွက်လိုက်ရင် ကျနော်အပါအဝင် ၃ ယောက်ပဲရှိပါတယ်...ဟဲဟဲ....ကျန်တာတွေက မိန်းခလေးတွေ ကြီးပါပဲ.....အဲ...မေ့နေလို့....အဲ့ထဲမှာ ဂျော်လဂီ တွေ လည်းပါသေးတယ်...သူတို့က သူတို့ပါသူတို့ မိန်းမလျာ အပေါင်း သူတော်ကောင်းတွေ အချင်းချင်း ပေါင်းကြတာဆိုတော့ ခေါက်ထားလိုက်..အရေးမပါဘူး...သြော်...သူတို့အကြောင်းပြောနေတာ ကျနော် ပြောချင်တာတောင် မေ့တော့ မလို့...နောက်တစ်ချက် ကျနော်ကို စွဲထားစေတဲ့အကြောင်းက အဲဒီကလူတွေ အကုန်လုံးက ကျနော်ကို (မောင်. မောင်) နဲ့ခေါ်ကြလို့ပါ..ဟိဟိ...ဒါကျနော်ခေါ်ခိုင်းတာ မဟုတ်ပါဘူး...ကျနော့် Passport ကနာမည်မှာ မောင်ပါလို့ အရှေ့နာမည်ကို အဖျားစွတ် ခေါ်တာနဲ့တူပါရဲ့..ခေါ်ပါစေ..သူတို့ခေါ်တတ်သလိုခေါ်တာ...း)
ဒါနဲ့ပဲ အဲဒီအလုပ်က မထွက်ဖြစ်တော့တာ ပါပဲ...း)
ဒါကျနော် ယူနီနဲ့အလုပ် အကြောင်းလေးပါ.....
3 comments:
ကိုကို က ပြောပါတယ် Geroge ညီလေးက သူ့ကို ဘယ်လိုခေါ်ခိုင်းတာဆိုပဲ ဟားဟားးးးးးးးးးး
ဟုတ်ပါ့ ဟိုးနေ့ကလေ ကိုကို ဒီကိုလာလည်တာ တရုတ်ဆိုင်သွားတာ တရုတ်မက ကိုယ်တို့ကို တရုတ်မှတ်လို့တဲ့ ဟားဟားးးးးးးးးးးးးးးး
George က တရုတ်နဲ့ပိုတူပါတယ် တရုတ်လို့ခေါ်တာမကြိုက်ဘူးဆိုလဲ နောက်ကို သတိထားပြီးတော့ တရုတ်လို့မခေါ်တော့ဘူးပေါ့ ဟားဟားးးးးးးးးးးးးး နောက်တာနော် အတည် တကယ် တရုတ်လို့မခေါ်တော့ဘူး
ဟားဟား ဟုတ်ပ...ကိုကြီးကိုတောင် တရုတ် ခေါ်ရင် George ကို နှရုတ်များ ခေါ်မလား မသိဘူး...တကယ်နောက်တာပါနော်? မတော်တဆ တမင်သက်သက် ခေါ်တာ မဟုတ်ပါဘူးနော် ဟားဟားးးးးးးးး)
so so interesting dad:)...carry on!!
Post a Comment